မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော Digital Marketing Platform တစ်ခုဖြစ်သည့် MYMEDIA Digital အား RFOX MEDIA အဖြစ်သို့ ပြောင်းလဲအမည်တွင်

RFOX Media မှ•

ရန်ကုန် ၊ မြန်မာ ၊ စက်တင်ဘာလ ၂ ရက် ၂၀၂၁ ခုနှစ် ။       ။ မြန်မာနိုင်ငံ၏ Digital Marketing Platform များအနက် တစ်ခုအပါအဝင်ဖြစ်သည့် MYMEDIA Digital အား RFOX MEDIA အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။ RFOX MEDIA သည် အရှေ့တောင်အာရှအခြေစိုက် Venture Builder အဖြစ်လူသိများသော RedFox Labs မှ ဖန်တီးထားသည့် Blockchain-driven Ecosystem အတွက် Branding နှင့် Marketing Division အဖြစ် ပြောင်းလဲတာဝန်ယူသွားမည့် Media Venture အသစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ယခုကဲ့သို့ Rebrand ပြုလုပ်မှုသည် MYMEDIA ကို RedFox Labs မှ ဖေဖော်ဝါရီလ ၂၀၂၁ တွင် ဝယ်ယူမှုအပြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

ယခု အသစ်စက်စက် RFOX MEDIA Venture သည် MYMEDIA ၏ စျေးကွက်ကိုဦးဆောင်နေသည့် platform ကို စွမ်းဆောင်ရည် ပိုမိုမြင့်မားစေနိုင်သည့်အပြင် Brand များ Influencers များမှတစ်ဆင့် စားသုံးသူများကို အစားအသောက်၊ ဖက်ရှင်၊ အားကစား နှင့် ဖျော်ဖြေရေးစသည့် ကဏ္ဍများနှင့် တိုက်ရိုက် ချိတ်ဆက်ပေးမှုကို ပိုပြီးအားကောင်းလာစေမည်ဖြစ်သည်။ RFOX MEDIA အဖြစ် Rebrand ပြုလုပ်လိုက်သော MYMEDIA Facebook Page တွင်လည်း Social Media Channel နှင့် Website အားလုံးတွင် Follower ၁၃ သန်းကျော် ရှိနေပြီဖြစ်သည်။  

RFOX Ecosystem ဖြင့် ပိုမိုချိတ်ဆက်ဆောင်ရွက်ကာ Rebrand ပြုလုပ်မှုတစိတ်တပိုင်းအနေဖြင့် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ၂ မျိုးပါဝင်သည့် RFOX MEDIA ၏ Website အသစ်ကိုလည်း ထပ်မံမိတ်ဆက်ထားပြီးဖြစ်ပါသည်။ RFOX MEDIA သည် မြန်မာနိုင်ငံ ၏ Digital Marketing Leader အဖြစ် ကြိုးပမ်းရပ်တည်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှစျေးကွက်ကို အလျှင်အမြန်တိုးတက်သောနယ်ပယ် အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း တိုးတက်မှုများကို ဆက်လက်ယူဆောင်သွားမည်ဖြစ်သည်။ RFOX MEDIA အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သည့် Social Media အချက်အလက်များကိုလည်း ယခုထက် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတကာအဆင့်ထိ ထိုးဖောက်ရန် ရည်ရွယ်ထားသော RFOX MEDIA သည် မြန်မာနိုင်ငံအတွက်လည်း RFOX Ecosystem ထဲတွင်ရှိသော Product အသစ် ၊ Service အသစ်များကိုလည်း ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး စျေးကွက်ကို ဆက်လက်ဦးဆောင်သွားမည်ဟု ရည်ရွယ်ထားပါသည်။ ယခုလအစောပိုင်းကာလများတွင် RFOX MEDIA မှတစ်ဆင့် RFOX Run ဟု အမည်ရသည့် Jump-and-run Casual Game ကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်ခဲ့ပြီး Gaming Rewards Model အသစ်ဖြစ်သည့် Play-to-Eat ကိုပါ မိတ်ဆက်ခဲ့ပါသည်။ Play-to-Eat Game ဖြစ်သောကြောင့် အနိုင်ရရှိသူများအနေဖြင့် မြန်မာနိုင်ငံ၏လူသုံးအများဆုံး Food Delivery Service တစ်ခုဖြစ်သည့် Foodpanda မှ အခမဲ့ Food Voucher များကို ရယူနိုင်မည်ဖြစ်သည်။ RFOX MEDIA မှ ယခုကဲ့သို့ RFOX Token စနစ်ကို အသုံးချပြီး Games ၊ E-Commerce ၊ Digital Finance နှင့် အခြားသော Industry များအတွက် အသစ်အသစ်သော နည်းလမ်းတွေများကို နောင်အနာဂတ်တွင် ဆက်လက် ယူဆောင်လာပေးနေမည်ဖြစ်သည်။ များမကြာမီအချိန်တွင်လည်း RFOX TV Streaming Service ကို မြင်တွေ့နိုင်တော့မည်ဖြစ်သည်။ 

RFOX MEDIA ၏ COO အဖြစ် တာဝန်ယူထားသည့် Rene Heumueller မှ 

“ကျွန်တော်ဟာ RFOX MEDIA ကို တည်ထောင်ရင်း RedFox Labs ရဲ့ တစိတ်တပိုင်းဖြစ်ရတာကို အရမ်းဝမ်းသာမိပါတယ်။ လူတွေရဲ့ နေ့စဥ်ဘဝကို တိုးတက်လာစေမယ့် Product တွေနဲ့ Service အသစ်တွေကို မိတ်ဆက်သွားဖို့လည်း စိတ်လှုပ်ရှားနေပါတယ်။ RFOX MEDIA Team ဟာ နှစ်ပေါင်းများစွာ Content ပိုင်းမှာ အတွေ့အကြုံရှိခဲ့တဲ့ MYMEDIA ရဲ့ Team ကိုပဲ အခြေခံထားတာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို နိုင်ငံတကာစျေးကွက်ထဲ ခြေဆန့်ဖို့အထိ ကောင်းမွန်တဲ့အစဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။ 

RedFOX Labs ၏ CEO နှင့် Co-founder အဖြစ် တာဝန်ယူထားသည့် Ben Fairbank မှ လည်း

“MYMEDIA အား RFOX MEDIA အဖြစ် Rebrand ပြုလုပ်ခြင်းဟာ ကျွန်တော်တို့ရဲ့ အားသာချက်ဖြစ်တဲ့ Scaling Technology ၊ ပိုကောင်းတဲ့ ချိတ်ဆက်မှုတွေ တည်ဆောက်မှုတွေ နဲ့ သတင်းအချက်အလက်မျှဝေမှုတွေကို ပိုပြီးအားကောင်းစေဖို့ ပထဆုံးခြေလှမ်း တစ်ခုလည်းဖြစ်ပါတယ်။ ဒါတွေက အခု Digital Marketing Platform အတွက် အလွန်ကြီးမားတဲ့တန်ဖိုးတွေရရှိစေမှာဖြစ်ပြီး အရှေ့တောင်အာရှစျေးကွက်အပြင် တခြားနိုင်ငံတွေကိုပါ ခြေဆန့်နိုင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ 

ယခုနှစ်အစောပိုင်းမှာ MYMEDIA ကို ဝယ်ယူလိုက်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ တခြားသော အရှေ့တောင်အာရှနိုင်ငံအတွင်းမှာလည်း တူညီတဲ့ Platform တွေကို တည်ဆောက်နိုင်ခဲ့ခြင်းလို့ဆိုနိုင်ပါတယ်။ MYMEDIA ကို အသုံးပြုပြီး ကြော်ငြာနေတဲ့ Global လုပ်ငန်းတွေဟာလည်း ပိုပြီး လူသိရှိမှုကို ရရှိစေမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှစျေးကွက်ဟာ အင်တာနက်အသုံးပြုသူ သန်း  ၃၆၀ ပါဝင်ပြီး ကြော်ငြာရှင်တွေအတွက် အရေးကြီးဆုံး အသက်အပိုင်းအခြားဖြစ်တဲ့ အသက် ၂၅ မှ ၃၄ နှစ်ကြား လူငယ် ၁၀၄ သန်းရှိနေပါတယ်”

ဟု ပြောကြားခဲ့ပါသည်။

Featured News

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော Digital Marketing Platform တစ်ခုဖြစ်သည့် MYMEDIA Digital အား RFOX MEDIA အဖြစ်သို့ ပြောင်းလဲအမည်တွင်

22 Sep 2021

မြန်မာနိုင်ငံမှာ အကြီးမားဆုံးသော Digital Marketing Platform တစ်ခုဖြစ်တဲ့ MYMEDIA Digital ဟာ RFOX MEDIA

RFOX Media နဲ့ Goama တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဂိမ်းမင်းဈေးကွက်တစ်ခု ဖော်ဆောင်နေ

1 Sep 2021

အရှေ့တောင်အာရှအခြေစိုက် RFOX Media (RedFOX Labs $RFOX ရဲ့ကုမ္ပဏီခွဲ) ဟာ Goama နဲ့ ပူးပေါင်းပြီး အရှေ့တောင်အာရှတွင်းရှိ ပရိသတ်ပေါင်း သန်း ၂၀ ကျော်အပြင် မြန်မာနိုင်ငံမှာလည်း ကြီးမားတဲ့ Gaming Market တစ်ခုကို ဖော်ဆောင်ဖို့ ခြေလှမ်းစတင်နေကြောင်း သိရှိရပါတယ်။

foodpanda ဘောင်ချာတွေကို ဆုလက်ဆောင်အဖြစ်ရရှိနိုင်မယ့် ကမ္ဘာ့ပထမဆုံး Play-to-Eat ဂိမ်း RFOX Run ကို အောက်တိုဘာလ ၁၈ ရက်နေ့၊​ ၂၀၂၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့

18 Oct 2021

အရှေ့တောင်အာရှအခြေစိုက် RedFOX Labs ရဲ့ အခွဲဖြစ်တဲ့ RFOX Media ဟာ RFOX ID ကို Registered ပြုလုပ်ပြီး အသုံးပြုသူတွေအနေနဲ့ အနိုင်ရရှိပါက မြန်မာမုန့်မျိုးစုံဖြစ်တဲ့ မုန့်ဟင်းခါး၊​ နန်းကြီးသုပ်၊​

© 2021 RedFOXLabs. All Rights Reserved.