RFOX Media နဲ့ Goama တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဂိမ်းမင်းဈေးကွက်တစ်ခု ဖော်ဆောင်နေ

RFOX Media မှ•

အရှေ့တောင်အာရှအခြေစိုက် RFOX Media (RedFOX Labs $RFOX ရဲ့ကုမ္ပဏီခွဲ) ဟာ Goama နဲ့ ပူးပေါင်းပြီး အရှေ့တောင်အာရှတွင်းရှိ ပရိသတ်ပေါင်း သန်း ၂၀ ကျော်အပြင် မြန်မာနိုင်ငံမှာလည်း ကြီးမားတဲ့ Gaming Market တစ်ခုကို ဖော်ဆောင်ဖို့ ခြေလှမ်းစတင်နေကြောင်း သိရှိရပါတယ်။

ဒီပေါင်းစည်းမှုရဲ့နောက်မှာ Goama နဲ့အတူ ပြိုင်ပွဲတွေလှိုင်လှိုင်ကျင်းပလာတာ တွေ့မြင်ရဖွယ်ရှိပါတယ်။ ပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ Play-to-win ဂိမ်းကို တည်ဆောက်ထောက်ပံ့ပေးပြီး RFOX Media platform အသစ်တစ်ခုဆီ မောင်းနှင်လာမှာလည်း ဖြစ်ပါတယ်။

RFOX Media ဟာ ဒီနှစ်အစောပိုင်းကာလအတွင်း အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး Media တွေထဲကတစ်ခုအဖြစ် တည်ရှိနေတဲ့ MYMEDIA Myanmar ကိုရရှိပြီးတဲ့နောက် လူကြိုက်များတဲ့ Content sites တွေကတစ်ဆင့် Follower ပေါင်း ၁၃ သန်းကျော်ကို ချက်ချင်းရရှိခဲ့ပါတယ်။ RFOX Media ဟာ အခုအချိန်မှာ ကျယ်ပြန့်မြန်ဆန်တဲ့ မီဒီယာ Content တွေကိုဖန်တီးပြီး ကြော်ငြာတွေ၊ NFTs ဖန်တီးမှုတွေကတစ်ဆင့် ငွေကြေးရှာဖွေနိုင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေတာလည်း ဖြစ်ပါတယ်။

Goama ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် တည်ဆောက်ထားတဲ့ ဂိမ်းမင်းပလက်ဖောင်းဖြစ်ပြီး၊ အကောင်းဆုံး Esports တွေနဲ့ လွယ်လွယ်ကူကူဆော့ကစားနိုင်တဲ့ဂိမ်းတွေကိုပေါင်းစပ်ပြီး ဂိမ်းကစားသူတွေအနေနဲ့ အလွယ်တကူဆော့ကစားနိုင်၊ အချိန်နဲ့တပြေးညီပြောင်းလဲနေတဲ့ အမှတ်ပေး Leaderboards တွေဆီ ရောက်ရှိနိုင်၊ Real-world ဆုတွေ ရယူနိုင်မဲ့ ပေါ့ပေါ့ပါးယှဉ်ပြိုင်နိုင်တဲ့ဂိမ်းရပ်ဝန်းတစ်ခုဖန်တီးနေတာပါ။ စတင်တည်ထောင်ချိန်ကစပြီး လူသိများခဲ့သလို နိုင်ငံပေါင်း ၂၄ နိုင်ငံမှာလည်း ဦးဆောင်နေတဲ့ App တွေနဲ့အတူ သန်းနဲ့ချီတဲ့သုံးစွဲသူတွေကို ရရှိထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာ ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး “RFOX run” နာမည်နဲ့ ဂိမ်းတစ်ခုကို စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ယှဉ်ပြိုင်သူတွေကို သူတို့ရဲ့ ပြိုင်ပွဲဝင် စွမ်းဆောင်ရည်နဲ့ Leaderboard positions တွေပေါ်မူတည်ပြီး Exclusive NFTs တွေ ရယူခွင့်ပေးမယ်လို့လည်း သိရပါတယ်။

“အခုအချိန်မှာတော့ ဂိမ်းမင်းဌာနတစ်ခုရှိပြီး RFOX Games လို့ ခေါ်ပါတယ်။ နေ့စဉ်သုံးစွဲသူပေါင်းများစွာရှိတဲ့ non-blockchain ဂိမ်းမင်းပလက်ဖောင်းနဲ့ အကျိုးတူပူးပေါင်းရတာ ခြားနားတဲ့ကဏ္ဍတစ်ခုမှာ အံ့သြစရာကောင်းတဲ့ ခံစားချက်ပါပဲ” လို့ RedFOX Labs ရဲ့ Co-founder နဲ့ CEO ဖြစ်တဲ့ Ben Fairbank က ပြောပါတယ်။

Featured News

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော Digital Marketing Platform တစ်ခုဖြစ်သည့် MYMEDIA Digital အား RFOX MEDIA အဖြစ်သို့ ပြောင်းလဲအမည်တွင်

22 Sep 2021

မြန်မာနိုင်ငံမှာ အကြီးမားဆုံးသော Digital Marketing Platform တစ်ခုဖြစ်တဲ့ MYMEDIA Digital ဟာ RFOX MEDIA

RFOX Media နဲ့ Goama တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဂိမ်းမင်းဈေးကွက်တစ်ခု ဖော်ဆောင်နေ

1 Sep 2021

အရှေ့တောင်အာရှအခြေစိုက် RFOX Media (RedFOX Labs $RFOX ရဲ့ကုမ္ပဏီခွဲ) ဟာ Goama နဲ့ ပူးပေါင်းပြီး အရှေ့တောင်အာရှတွင်းရှိ ပရိသတ်ပေါင်း သန်း ၂၀ ကျော်အပြင် မြန်မာနိုင်ငံမှာလည်း ကြီးမားတဲ့ Gaming Market တစ်ခုကို ဖော်ဆောင်ဖို့ ခြေလှမ်းစတင်နေကြောင်း သိရှိရပါတယ်။

foodpanda ဘောင်ချာတွေကို ဆုလက်ဆောင်အဖြစ်ရရှိနိုင်မယ့် ကမ္ဘာ့ပထမဆုံး Play-to-Eat ဂိမ်း RFOX Run ကို အောက်တိုဘာလ ၁၈ ရက်နေ့၊​ ၂၀၂၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့

18 Oct 2021

အရှေ့တောင်အာရှအခြေစိုက် RedFOX Labs ရဲ့ အခွဲဖြစ်တဲ့ RFOX Media ဟာ RFOX ID ကို Registered ပြုလုပ်ပြီး အသုံးပြုသူတွေအနေနဲ့ အနိုင်ရရှိပါက မြန်မာမုန့်မျိုးစုံဖြစ်တဲ့ မုန့်ဟင်းခါး၊​ နန်းကြီးသုပ်၊​

© 2021 RedFOXLabs. All Rights Reserved.