foodpanda ဘောင်ချာတွေကို ဆုလက်ဆောင်အဖြစ်ရရှိနိုင်မယ့် ကမ္ဘာ့ပထမဆုံး Play-to-Eat ဂိမ်း RFOX Run ကို အောက်တိုဘာလ ၁၈ ရက်နေ့၊​ ၂၀၂၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့

RFOX Media မှ•

အရှေ့တောင်အာရှအခြေစိုက် RedFOX Labs ၏ အခွဲဖြစ်သော​ RFOX Media ဟာ RFOX ID ကို Registered ပြုလုပ်ပြီး အသုံးပြုသူတွေအနေနဲ့ အနိုင်ရရှိပါက မြန်မာရိုးရာမုန့်မျိုးစုံဖြစ်သည့​​ မုန့်ဟင်းခါး၊​ နန်းကြီးသုပ်၊​ ရှမ်းခေါက်ဆွဲနှင့် တခြားသောမုန့်အစုံကို မြန်မာနိုင်ငံ၏ ထိပ်တန်း Food Delivery Service ဖြစ်တဲ့ foodpanda ကနေ ရယူသုံးဆောင်နိုင်မယ့် Play-to-Eat Model ဂိမ်းတစ်ခုကို မိတ်ဆက်လိုက်ပါသည်။​

လက်ရှိ Tournament Game Platform တွေထဲမှာ ထိပ်တန်းနေရာမှာရှိနေတဲ့ Goama နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး Mobile Network Operator ဖြစ်တဲ့ MPT’s Portal မှာ အဆိုပါ ဂိမ်းကို ရယူနိုင်ပြီဖြစ်ပါသည်။​ ယခုဂိမ်းကို မြန်မာနိုင်ငံအတွင်း အသုံးပြုသူ သန်း ၂၀ ဝန်းကျင်အထိ ရရှိနိုင်မယ်ဟု မျှော်လင့်ထားပါသည်။​ RFOX Media ၏ Play-to-Eat အခြေခံတည်ဆောက်ပုံဟာ RFOX ID ရယူပြီး RFOX Commnunity ထဲကနေတစ်ဆင့် ကိုယ့်စိတ်ကြိုက်မုန့်တွေကို မှာယူနိုင်မယ့် Voucher တွေကို ရယူနိုင်မှာဖြစ်ပါသည်။​ RFOX Run ဂိမ်းဟာ မကြာသေးမီက MYMEDIA ကို RFOX Media အဖြစ်ပြောင်းလဲပြီးနောက် မိတ်ဆက်ခဲ့တာဖြစ်ပါသည်။​​ ယခု Media Venture အသစ်ဟာ အရှေ့တောင်အာရှအခြေစိုက် RedFOX Labs ၏ Blockchain-driven Ecosystem ထဲကနေ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါသည်။​

Play-to-Eat RFOX Run ဂိမ်းမှာ ဘယ်လိုမျိုးပါဝင်နိုင်မလဲ

  • အသုံးပြုသူတွေအနေဖြင့် MPT SIM Card ကို အသုံးပြုဖို့လိုအပ်ပြီး Platform မှာ Active ဖြစ်နေရပါမယ်။

  • အသုံးပြုသူဟာ MPT Game Icon ကို Click ပြုလုပ်ဖို့လိုအပ်ပါတယ်။ 

  • RFOX Run ဂိမ်းကို ရှာဖွေပါ။​

  • ဂိမ်းကို Join ပြုလုပ်ပြီး Tournament ကို ဝင်ရောက်နိုင်ပါတယ်။

Play-to-Eat RFOX Run ဂိမ်းနှင့်ပတ်သက်၍ သိထားရမည့်အချက်များ

  • RFOX Run Tournament ဟာ ရက်သတ္တပါတ် (၈)​ ပါတ်ကြာ ပြုလုပ်သွားမှာဖြစ်ပါသည်။ ပထမဆုံး ရက်သတ္တပါတ် (၂)​ ပါတ်ဖြစ်တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အတွင်း အသုံးပြုသူတွေအနေနဲ့ စတင်ပါဝင်နိုင်မှာဖြစ်ပါသည်။ 

  • Goama မှနေပြီး ပထမ Batch မှ အနိုင်ရရှိသူများကို ဆုံးဖြတ်ပေးသွားမှာဖြစ်သည့်အတွက် နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း ရက်သတ္တပါတ် (၂) ပါတ်ခန့်ကြာ ဂိမ်းကို ခေတ္တခဏ ဆိုင်းငံ့ထားမှာဖြစ်ပါသည်။

  • Tournament ကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အတွင်း ပြန်လည်ဆော့ကစားနိုင်မှာဖြစ်ပါသည်။​

  • အနိုင်ရရှိသူတွေအနေနဲ့ ဂိမ်းအတွင်းမှာပဲ Notification ရရှိမှာဖြစ်ပြီး “Claim” ကို နှိပ်ကာ ဆုရယူနိုင်ပါသည်။ 

  • ဆုကြေးငွေရယူဖို့အတွက် အနိုင်ရရှိသူတွေအနေနဲ့ RFOX ID Sign-up ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါသည်။ 

  • RFOX ID Page မှတစ်ဆင့် Sign-up ပြုလုပ်ပြီးနောက် Voucher Code တွေကို ရယူနိုင်ပါသည်။​

  • အနိုင်ရရှိသူတွေဟာ Voucher Code ကို အသုံးပြု၍ foodpanda App ထဲရှိ ကြိုက်နှစ်သက်ရာ စားစရာကို အိမ်အရောက် မှာယူသုံးဆောင်နိုင်မှာဖြစ်ပါသည်။​

RedFOX Labs အကြောင်း

RedFOX Labs ဟာ အရှေ့တောင်အာရှရဲ့ Venture Builder ဖြစ်ပြီး စျေးကွက်ထဲမှာ အောင်မြင်တဲ့ Business Model တွေကို တည်ထောင်ပေးနေတာဖြစ်ပါတယ်။ အသုံးပြုသူတွေ ကြိုက်နှစ်သက်မှုမြင့်မားတဲ့ Service တွေဖြစ်တဲ့ E-commerce ၊ E-media ၊ E-Travel ၊ Esports/Gaming နဲ့ Blockchain လိုမျိုး လက်ရှိမှာရေပန်းစားလာတဲ့ Digital Economy တွေကို အရှေ့တောင်အာရှစျေးကွက်အတွက် တကယ့်တန်ဖိုးကို သိရှိနိုင်အောင် Unlock ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 

ကုမ္ပဏီအနေနဲ့ ကိုယ်ပိုင် တိုကင် (Token) ဖြစ်တဲ့ $RFOX ဖြင့် တန်ဖိုးအား လဲလှယ်အသုံးပြုနိုင်ပါသည်။​

တရားဝင် Channel များ :

Buy RFOX: https://www.redfoxlabs.io/rfox
Website: https://www.redfoxlabs.io
Facebook: https://www.facebook.com/redfoxlabs.io
Twitter: https://twitter.com/redfoxlabs_io
YouTube: https://www.youtube.com/c/RedFOXLabs/
RFOX Media: https://rfoxmedia.com.mm/
Facebook: https://www.facebook.com/rfoxmedia.mm
Twitter: https://twitter.com/RFOXMedia
Instagram: https://www.instagram.com/rfoxmedia/

foodpanda အကြောင်း

foodpanda ဟာ အာရှ Delivery Plaform တစ်ခုဖြစ်ပြီး အသုံးပြုသူတွေကို အစားအသောက်၊​ လူသုံးကုန်နဲ့ အခြားသော ကုန်ပစ္စည်းတွေကို လွယ်ကူလျှင်မြန်စွာပို့ဆောင်ပေးနေတာဖြစ်ပါသည်။ foodpanda ဟာ Quick-Commerce (q-commerce) ကို လျှင်မြန်စွာတိုးတက်အောင် လုပ်ဆောင်နေသလို လုပ်ငန်းဆောင်ရွက်နေသော ဒေသများမှာလည်း Retail Partner တွေနဲ့ ပူးပေါင်းပြီး တိုးတက်အောင် ဆောင်ရွက်နေပါသည်။ Food Delivery Option မျိုးစုံအပြင် Pandamart Cloud Store တွေကိုလည်း ဖွင့်လှစ်ပြီး On-demand Service တွေကို ဆောင်ရွက်ပေးနေပါပြီ။ foodpanda ဟာ စျေးကွက် ၁၂ နိုင်ငံဖြစ်တဲ့ Singapore, Hong Kong, Thailand, Malaysia, Pakistan, Taiwan, Philippines, Bangladesh, Laos, Cambodia, Myanmar နှင့် Japan နိုင်ငံတွေမှာရှိတဲ့ မြို့ကြီးပေါင်း ၄၀၀ ကျော်မှာ လုပ်ငန်းဆောင်ရွက်နေတာဖြစ်ပါတယ်။​ foodpanda ဟာ တကမ္ဘာလုံးမှာရှိတဲ့ အကြီးမားဆုံး Food Industry Leader ဖြစ်တဲ့ Delivery Hero ရဲ့ အခွဲဖြစ်ပါသည်။​ www.foodpanda.com

Goama အကြောင်း

Goama ဟာ Platform Gamification မှာ ထိပ်တန်းဦးဆောင်သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး စွမ်းဆောင်နိုင်စွမ်းရှိတဲ့ App တွေ၊​ Brand တွေနဲ့ ပူးပေါင်းပြီး Digital Innovation နှင့် User Engagement တွေကို အဆင့်တစ်ခုသတ်မှတ်ထားနိုင်တာဖြစ်ပါသည်။ Goama ဟာ အသုံးပြုသူတွေ ဂိမ်းဆော့ကစားဖို့ကောင်းမွန်သည့် Experience ကို Plug-and-Play Platform အနေနဲ့ ဖန်တီးပေးနိုင်ပြီး Business Partner တွေကို လူစိတ်ဝင်စားမှုများပြားသည့် Community တွေကို တည်ဆောက်ပေးနိုင်ပါသည်။​Goamaဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံအထက်မှာ အောင်မြင်တဲ့ App တွေကို ပူးပေါင်းဖန်တီးပေးထားပြီး အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှု၊​ ဝင်ငွေရရှိမှုအပြင် အသုံးပြုသူအသစ်တွေကိုပါ ရရှိအောင် ဖန်တီးပေးနိုင်ပါသည်။
https://goama.com

Featured News

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော Digital Marketing Platform တစ်ခုဖြစ်သည့် MYMEDIA Digital အား RFOX MEDIA အဖြစ်သို့ ပြောင်းလဲအမည်တွင်

22 Sep 2021

မြန်မာနိုင်ငံမှာ အကြီးမားဆုံးသော Digital Marketing Platform တစ်ခုဖြစ်တဲ့ MYMEDIA Digital ဟာ RFOX MEDIA

RFOX Media နဲ့ Goama တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဂိမ်းမင်းဈေးကွက်တစ်ခု ဖော်ဆောင်နေ

1 Sep 2021

အရှေ့တောင်အာရှအခြေစိုက် RFOX Media (RedFOX Labs $RFOX ရဲ့ကုမ္ပဏီခွဲ) ဟာ Goama နဲ့ ပူးပေါင်းပြီး အရှေ့တောင်အာရှတွင်းရှိ ပရိသတ်ပေါင်း သန်း ၂၀ ကျော်အပြင် မြန်မာနိုင်ငံမှာလည်း ကြီးမားတဲ့ Gaming Market တစ်ခုကို ဖော်ဆောင်ဖို့ ခြေလှမ်းစတင်နေကြောင်း သိရှိရပါတယ်။

foodpanda ဘောင်ချာတွေကို ဆုလက်ဆောင်အဖြစ်ရရှိနိုင်မယ့် ကမ္ဘာ့ပထမဆုံး Play-to-Eat ဂိမ်း RFOX Run ကို အောက်တိုဘာလ ၁၈ ရက်နေ့၊​ ၂၀၂၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့

18 Oct 2021

အရှေ့တောင်အာရှအခြေစိုက် RedFOX Labs ရဲ့ အခွဲဖြစ်တဲ့ RFOX Media ဟာ RFOX ID ကို Registered ပြုလုပ်ပြီး အသုံးပြုသူတွေအနေနဲ့ အနိုင်ရရှိပါက မြန်မာမုန့်မျိုးစုံဖြစ်တဲ့ မုန့်ဟင်းခါး၊​ နန်းကြီးသုပ်၊​

© 2021 RedFOXLabs. All Rights Reserved.